Main menu

ပခုက္ကူမြို့မဈေးကြီးအတွင်းရှိ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတက်များ၏ ဈေးကွက်အခြေအနေ

Powered by Drupal

    ပခုက္ကူမြို့မဈေး ဈေးကွက်သို့ စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတက်များ ဝင်ရောက်လျက်အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(တတိယ)ပတ်တွင် ခရမ်းချဉ်သီးများမှာ ကျောက်ပန်းတောင်းနှင့် ရှမ်းပြည်နယ်အောင်ပန်းမှ ကုန်ချိန်(၆၀၀၀)ခန့်ဝင်ရောက် လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် အရည်အသွေး၊ အရွယ်အစားကိုလိုက်၍ ကျပ်(၂၈၀၀/၂၇၀၀/၂၆၀၀) ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်(ဒုတိယ)ပတ်တွင် ကျပ်(၂၆၀၀/၂၅၀၀/၂၄၀၀)ဈေးနှုန်းဖြစ်၍ ယခင်(၁) ပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    အောက်တိုဘာလ (တတိယ)ပတ်အတွင်း ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ(ကြူကုတ်)များသာ ဝင်ရောက်အရောင်း အဝယ်ဖြစ်ပြီး ယောနယ်ဒေသထွက် ဗမာကြက်သွန်ဖြူများမှာ ဝင်ရောက်မှုမရှိဘဲ လက်ကျန် ကြက်သွန်ဖြူများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ဗမာ ကြက်သွန်ဖြူများမှာ (၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၂၅၀၀)ထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်)မျိုးများမှာ  ကျပ်(၃၇၀၀)ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

    ရှမ်းပြည်နယ်အောင်ပန်းမှ ဂျင်းတက်များလည်း ယခု(၁)ပတ်အတွင်း (၁)အိတ်လျှင် ပိဿာ (၃၀)ဝင်ဆန့် အိတ်(၄၀မှ၅၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ယခု(၁)ပတ်အတွင်း ဂျင်းတက် (၁)ပိဿာလျှင်ကျပ်(၁၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် (၁)ပတ်တွင်မှု ကျပ်(၉၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် ကျပ်(၂၀၀)ခန့် ဈေးနှုန်းမြင့်တက်နေကြောင်း မြို့မဈေးကြီး ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)