Main menu

ပြောင်းတင်သွင်းခွင့်ခွဲတမ်း တိုးမြှင့်မှုအပေါ် ခြေရာခံစနစ်ထူထောင်ရန် ထိုင်းအစိုးရသို့ NESDC ကောင်စီ တိုက်တွန်း

Powered by Drupal

    ထိုင်းအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပြောင်းတင်သွင်းခွင့် ခွဲတမ်းကို ယခင် က တန်ချိန် ၅၄၇၀၀ အား သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ တန်ချိန် ၁ သန်းအထိ တိုး မြှင့်၍ သွင်းကုန်ခွန် သုညရာခိုင်နှုန်းဖြင့် ခွင့်ပြုရန် အတည်ပြုခဲ့ပြီးနောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က တင်သွင်းလာမည့် ပြောင်းများအတွက် ခြေရာခံ စနစ်တစ်ရပ်ကို အမြန်ဆုံးထူထောင်ရန် ထိုင်းအစိုးရအား အကြံပြုထားသည်။

     သွင်းကုန်ခွင့်ပြုပမာဏ မြှင့်တင်ခြင်းသည် အမေရိကန်ပြည်ထောင်စုမှ ပြောင်းတန်ချိန် ၁ သန်း တင်သွင်းရေးအတွက် အကောက်ခွန်နှုန်းထားများနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ထိုင်း-အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုများမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါ ကတိကဝတ်ကို ယခင်ထိုင်းအစိုးရလက်ထက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အာဏာတည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    NESDC သည် ပြောင်းတင်သွင်းမှုများအတွက် ခြေရာခံစနစ်တစ်ရပ်ကို အမြန်ဆုံး ချမှတ် ရန် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများအား တိုက်တွန်းလျက် ၎င်း၏ အကြံပြုချက်များကို ထိုင်းအစိုးရသို့ တင် သွင်းခဲ့သည်။ အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပြီးချိန်၌ ထိုင်း အစိုးရအနေဖြင့် ခြေရာခံနိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်လုပ်ငန်းဆောင်တာ များကို ရှင်းလင်းစွာ သတ်မှတ်ဆောင်ရွက်သင့်ကြောင်း သိရှိရသည်။

     အဆိုပါ ခြေရာခံစနစ်သည် သီးနှံကြွင်းကျန်များကို မီးရှို့၍ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်း များ တင်သွင်းခြင်းကို တားဆီးသည့် စည်းမျဉ်းများအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည်ဖြစ်ပြီး PM 2.5 အမှုန်အမွှားအဆင့် လေထုညစ်ညမ်းမှုကို လျှော့ချရာတွင် အထောက်အကူပြုမည်ဖြစ်သည်။ ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း မျိုးရိုးဗီဇပြုပြင် ထားသော (GMO) ပြောင်းများဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် တိရစ္ဆာန် များနှင့် တိရစ္ဆာန်ထုတ်ကုန်များကို စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုကိုလည်း ရရှိစေမည် ဖြစ်သည်။

     NESDC က သတိပေးထားသည်မှာ မျိုးရိုးဗီဇပြုပြင်ထားသော (GMO) ပြောင်းဖြင့် ကျွေးမွေး ထားသည့် တိရစ္ဆာန်များမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂ (EU) နှင့် ဂျပန်နိုင်ငံ ကဲ့သို့ စံချိန်စံညွှန်း အလွန်တင်းကျပ်သည့် ဈေးကွက်များက လက်မခံသည့်အတွက် စည်းကမ်းချက် များကို မလိုက်နာနိုင်ပါက ထိုင်းနိုင်ငံ၏ တိရစ္ဆာန်ထုတ်ကုန်များ တင်ပို့ရောင်းချမှု အပေါ် ဆိုးကျိုး သက်ရောက်နိုင်ပြီး အထူးသဖြင့် ယင်းဈေးကွက်များသို့ တင်ပို့ရန် အခက်အခဲရှိနိုင်ကြောင်း သိရှိ ရသည်။

     NESDC သည် ပြည်တွင်းတိရစ္ဆာန်အစာ ကုန်ကြမ်းများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ထိ ရောက်မှုမြှင့်တင်ရန် အားပေးမှုများနှင့် အထောက်အပံ့များပေးရေး စဉ်းစားသင့်သည်ဟု အစိုးရ အား ထပ်မံအကြံပြုထားကြောင်း၊ အဆိုပါ ကြိုးပမ်းမှုအား တင်သွင်းမှုအပေါ် မှီခိုနေမှုကို လျှော့ချ ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် ထိုင်းနိုင်ငံ၏ ရေရှည် စားနပ်ရိက္ခာ ဖူလုံရေးကို ခိုင် မာစေရန် အစားထိုး အစာကျွေးပစ္စည်းများ အသုံးပြုရန် အားပေးမှုနှင့် ချိတ်ဆက်ဆောင်ရွက်သင့် ကြောင်း သိရှိရသည်။

    တစ်ချိန်တည်းတွင် ဝန်ကြီးများကောင်စီအတွင်းရေးမှူးရုံးမှ အခြားစိုးရိမ်မှုများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ခွင့်ပြုချက်ပမာဏ အောက်ရှိ ပြောင်းတင်သွင်းရေး မူဝါဒနှင့် ဆောင်ရွက်ချက်များသည် ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ တိုးမြင့်လာခြင်းဖြစ်ပြီး အဓိကအားဖြင့် အမေရိကန်ကုန်သွယ်ရေးမူဝါဒ လုပ်ငန်း အဖွဲ့က ထိုင်းနိုင်ငံ၏ ပြောင်းမူဝါဒနှင့် စီမံခန့်ခွဲရေး ကော်မတီအား နှစ်စဉ် တန်ချိန် ၁ သန်းထပ်မံ တိုးချဲ့တင်သွင်းရန်နှင့် တိရစ္ဆာန်အစာလုပ်ငန်းအတွက် သွင်းကုန်ခွန်များ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုသည် ထိုင်းပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ထိုင်း-အမေရိကန်အကြား အပြန်အလှန် အကျိုးပြုသော ကုန် သွယ်ရေးညှိနှိုင်းမှုများကို ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း သိရှိရသည်။

    သို့ရာတွင် ဝန်ကြီးများကောင်စီ အတွင်းရေးမှူးရုံးက အဆိုပါ အစီအမံများသည် ပြည်တွင်း ပြောင်းဈေးနှုန်းများနှင့် ထိုင်းပြောင်းစိုက်တောင်သူများအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း သတိပေးခဲ့ ပြီး ပြောင်းစိုက်ပျိုးသူများနှင့် ကုန်သည်များအသင်းနှင့် အမျိုးသားတောင်သူလယ်သမားကောင်စီ တို့မှ ကိုယ်စားလှယ်များသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော ပြောင်း မူဝါဒနှင့် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ၌ ခွင့်ပြုပမာဏ တိုးချဲ့မှုကို တရားဝင် ကန့်ကွက်ခဲ့သည်။

     ထို့ကြောင့် ဝန်ကြီးများကောင်စီအတွင်းရေးမှူးရုံးက ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာန၊ ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသည် ပါဝင် ပတ်သက်သူများအားလုံးဖြစ်သည့် အထူးသဖြင့် ပြောင်းစိုက်တောင်သူများနှင့် အလျင်အမြန်ဆက် သွယ်ဆောင်ရွက်ပြီး အဆိုပါ မူဝါဒချမှတ်ရသည့် အကြောင်းရင်း၊ အကောင်အထည်ဖော်ရန် လို အပ်ချက်နှင့် ထိုင်းနိုင်ငံအတွက် မျှော်မှန်းထားသော အကျိုးကျေးဇူးများကို ရှင်းလင်းရန် အကြံပြု ထားကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန်နားလည်မှု ရရှိစေပြီး ၂၀၂၆ ခုနှစ် အတွက် ပြောင်းတင်သွင်းရေး မူဝါဒကို ရည်ရွယ်ထားသည့်အတိုင်း ဆက်လက်အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Nation Thailand, November 15, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)