Main menu

စလင်းမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ပဲယင်းစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားရရှိ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်း များသည် (၂၁.၁၀.၂၀၂၂)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် သနပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဆောင်းသီးနှံပဲယင်းစိုက်ပျိုးထုတ်လုပ်သော တောင်သူဦးဆက်နိုင်နှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ် ၊ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ဆောင်းသီးနှံပဲယင်း(၂၀)ဧက စိုက်ပျိုးထားပါကြောင်း၊ ယခင်နှစ်က (၁၅)ဧကစိုက်ပျိုးခဲ့၍  အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိခဲ့ပါကြောင်း၊ ပဲယင်းသည် နှစ်စဉ် စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလတွင် အပြီးရိတ်သိမ်းခူးဆွတ်ကြပါကြောင်း၊ သက်တမ်းမှာ(၁၂၅)ရက်ရှိပြီး အတန်း လိုက်နှင့် ပက်ကျဲစနစ်ဟူ၍ စိုက်ပျိုးကြပါကြောင်း၊ ယခင်နှစ်ကာလ ပဲယင်း(၁)ဧကလျှင် (၂၂)တင်းခန့် ထွက်ရှိ၍ မြေပြုပြင်စိုက်ပျိုးခြင်း၊ မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် (၁)ဧက ကျပ်(၈)သိန်းခန့် ကုန်ကျပြီး သီးနှံပေါ်ချိန်တွင် (၁)တင်းကို ကျပ်(၅၀၀၀၀)ဖြင့် ရောင်းချရ၍ အကျိုး အမြတ်အနေဖြင့် (၁)ဧကလျှင်ကျပ်(၃)သိန်း ရရှိကြောင်း သိရှိရပါသည်။

    ထွက်ရှိလာသောပဲယင်းများကို မန္တလေးပွဲရုံသို့ သွားရောက်ရောင်းချပြီး သယ်ယူစရိတ် ပွဲခအပါအဝင် ပဲယင်း(၁)တင်းလျှင် ကျပ်(၁၅၀၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်ကပဲယင်းဈေးနှုန်းမှာ အနိမ့်ဈေးကျပ်(၅၀၀၀၀)နှင့်   အမြင့်ဈေးကျပ်(၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း တောင်သူ ဦးဆက်နိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)