Main menu

စစ်ကိုင်းမြို့ စတိုးဆိုင်နှင့်ကလေးပစ္စည်းအရောင်းဆိုင်များအား အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးမှ ဝန်ထမ်း(၂)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ စတိုးဆိုင်နှင့်ကလေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍  အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် (၂/၂၀၁၉)  ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ သော  GOLD POWER အမှတ်တံဆိပ် ကလေးဖြည့်စွက်အာဟာရမှုန့်(ဆန်၊ နို့)ဘူးများကို စစ်ဆေးတွေ့ရှိ ရပါသည်။ ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)