
ဇွန်၊ဇူလိုင်မိုးနှင့်အတူ သစ်ပင်၊ ပန်းပင်စိုက်ပျိုးရန် အချိန်ကောင်းဖြစ်သည့် အားလျော်စွာ ပန်းပျိုးပင် များ ရောင်းအားကောင်းခဲ့ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရသည်။ပန်းပျိုးပင် များရောင်းအား ကောင်းလျှက်ရှိသော အပင်များအနက် သပြေဘူတအပင်များလည်း ပါဝင်သည်။ သပြေဘူတအပင် သည် အဖြစ်မြန်သည်၊ အကြီးမြန်သည်။ ရာသီဥတုဒဏ်ခံသည်။ ဘုရား၊ကျောင်း၊ ကန်၊ဟိုတယ်၊ အိမ်ယာခြံဝင်းများတွင် ပန်းအလှပင်အဖြစ် စိုက်ပျိုးကြသလို လမ်းဘေးဝဲယာတ လျှောက်လည်း စိုက်ပျိုးကြသည်။ပန်းလေးတွေရဲ့သဘောသည် မြင်ရသူ၏ ရင်ဝယ်စိတ်နှလုံးရွှင်ပြုံးစေသည်။ စိတ်အမောပြေစေသည်။ ဒါကြောင့် စိတ်ချမ်းသာချင်လျှင် သစ်ပင်ပန်းပင်စိုက်ပါ။ လူတွေ ရဲ့စိတ်ကို ချမ်းသာစေသည်မှာ စကားပြန်မပြောတတ်သော ပန်းကလေးများဖြစ်သည်။ ပန်းကလေး တွေမှာ သာ အသိညဏ်ခံစားတတ်သော နှလုံးသားရှိမည်ဆိုလျှင် သူတို့ရဲ့ရင်ထဲ လူတွေရဲ့စိတ်ကို ပျော်ရွှင် စေတဲ့အတွက်ကြောင့် ကျေနပ်နေမည်တင်ပါသည်။ နိုင်ငံတကာနေရာဒေသကမ္ဘာကြီးကို သစ်ပင်၊ ပန်းပင်များက အလှဆင်ထားသည်မှာ ဧကန်မလွဲဖြစ်သည်။ သပြေဘူတအပင်များသည် ယခင်က မြန်မာနိုင်ငံက ထွက်ရှိအပင်များ မဟုတ်ဘဲ နိုင်ငံခြားမှ တင်သွင်းလာခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် မျိုးစေ့ကျအပင်ပေါက်တဲ့အတွက်ကြောင့် နိုင်ငံအနှံ့အပြား မြင်တွေ့နိုင်သည်။ သပြေဘူတ အဖြူ၊ အနီ၊ အဝါရောင်စုံရှိပြီး အဆုပ်လိုက်အဆုပ်လိုက်တပင်လုံး အူနေအောင်ပွင့်တတ် ပါသည်။ ယခင်က ဈေးကြီးပေမဲ့ ယခုအခါဈေးကျနေပြီး သပြေဘူတ တစ်ပင်လျှင် အပင်အကြီးအ သေးပေါ်မူတည်၍ (၁၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရသည်။
DOCA(မန္တလေး)
