Main menu

တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးထံသို့ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌမှ ဆန်စပါးသယ်ယူရေး ကိစ္စများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် လုပ်ငန်းရှင်များမှ ဆန်စပါးသယ်ယူမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းရှင်များမှလည်း ဖြစ်ပေါ်နေသည့်အခက်အခဲများအား ရှင်းလင်း‌တင်ပြခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)