Main menu

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုငွေကျဆင်း

Powered by Drupal

        ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၈၉.၂ ဘီလီယံ အထိ ကျဆင်းခဲ့ကြောင်း ယခင်နှစ် အလားတူကာလ ဒေါ်လာ ၁၀၀.၅ ဘီလီယံ မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားဗဟိုဘဏ် CBR ၏ ပြောကြားချက်မျာကို ကိုးကား၍  RIA Novosti သတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါကျဆင်းမှုသည် အဓိကအားဖြင့် တွင်းထွက်ပစ္စည်းတင်ပို့မှု လျော့ကျခြင်းကြောင့် ဖြစ်သော်လည်း စွမ်းအင်မဟုတ်သော ကုန်ပစ္စည်းများ ပိုမိုတင်ပို့မှုဖြင့် တစ်စိတ်တစ်ပိုင်း ပြန်လည်မြင့်တက်လာခဲ့ပါသည်။

          ရုရှား၏ လက်ရှိစာရင်းပိုလျှံမှုသည်လည်း သိသိသာသာ လျော့ကျခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ တွင် ဒေါ်လာ ၃၀.၁ ဘီလီဘံ အထိ ကျဆင်းခဲ့ကာ ယခင်နှစ် ‌‌ဒေါ်လာ ၄၉.၁ ဘီလီယံ နှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့ကြောင်း CBR က ပြောကြားခဲ့ပါသည်။

          လက်ရှိစာရင်းပို့လျံမှုလျော့ကျခြင်းသည် ကျည်မြောင်းလာသော ကုန်သွယ်မှုပိုလျံမှုနှင့် ဝန်ဆောင်မှု လက်ကျန်လိုငွေ ပိုမိုများပြားလာခြင်း နှစ်ခုလုံးကို ထင်ဟပ်စေကြောင်း CBR က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)