Main menu

တောင်ကိုရီးယားနိုင်ငံ၏ ဆန်အထွက်နှုန်းသည် ယခုနှစ်တွင် ဒုတိယအနိမ့်ဆုံးဖြစ်လာ

Powered by Drupal

          တောင်ကိုးရီးယားနိုင်ငံ၏ ဆန်ထွက်ရှိမှုသည် စံချိန်တင် စပါးနည်းပါးမှုကြောင့် ယခုနှစ်တွင် ဆန်အထွက်နှုန်း ဒုတိယအနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စာရင်းအင်းရုံးမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဆန်ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ၃,၅၃၉,၀၀၀ ရှိပြီး ယခင်နှစ်က ထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

         လေးနှစ်ဆက်တိုက် အထွက်နှုန်းသည် ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့သည်။ အနိမ့်ဆုံးအထွက်နှုန်းသည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၃၅၀၇၀၀၀ ရှိခဲ့သည်။ ယခုနှစ် ကျဆင်းမှုသည် စံချိန်တင် စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် ဖြစ်သည်။

          နိုင်ငံတစ်ဝှမ်း စပါးခင်းအရွယ်အစားမှာ တစ်နှစ်ထက်တစ်နှစ် ၂.၉ ရာခိုင်နှုန်း လျော့နည်းသွားပြီး ဟက်တာ ၆၇၈,၀၀၀ ရှိကာ ၁၉၇၅ ခုနှစ်တွင် သက်ဆိုင်ရာ အချက်အလက်များကို စတင်ပြုစုခဲ့ချိန်မှစ၍ အနိမ့်ဆုံးဖြစ်ခဲ့သည်။ စားသုံးမှုအလေ့အထ အပြောင်းအလဲကြောင့် နိုင်ငံ၏ ဆန်စားသုံးမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အကြမ်းဖျင်းအားဖြင့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)