
အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် ရထားလမ်းကုန်သွယ်မှု ချိတ်ဆက်မှုမြှင့်တင်ရန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဝန်ကြီး Piyush Goyal နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး Anil Kumar Sinha တို့ တွေ့ဆုံစဉ်တွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယနှင့် နီပေါနိုင်ငံကြား ကူးသန်းသွားလာရေး သဘောတူစာချုပ်ပါ သဘောတူညီချက်ကို ပြင်ဆင်သည့် အိတ်ချိန်းစာတစ်စောင်ကို နှစ်ဖက်အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ ထိုလက်မှတ်ရေးထိုးမှုသည် ကုန်ပစ္စည်းများအများအပြားတင်ပို့ခြင်းအပါအဝင် Jogbani (India) နှင့် Biratnagar (နီပေါ) တို့ကြား ရထားလမ်းအခြေခံကုန်စည်ပို့ဆောင်မှုကို လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းရထားလမ်းအား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံပူးတွဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယသည် နီပေါ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်း၏ ပြင်ပကုန်သွယ်မှုအတွက် သိသာထင်ရှားသော ဝေစုကို တွက်ချက်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
