Main menu

“ဒေသထွက် ကိုက်လန်ဖူးများ အရောင်းသွက်နေ”

Powered by Drupal

           လားရှိုးမြို့အနီးရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များမှ စိုက်ပျိုးထွက်ရှိသော ရာသီစာ ကိုက်လန်ဖူးများကို ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော လားရှိုးမြို့၏ ကိုက်လန်ဖူးဈေးနှုန်းများမှာ ကိုက်လန်ဖူး (၁၀) စီးပါ တစ်ထုံးလျှင် (၁၂၀၀၀)ကျပ်၊ ကိုက်လန်ဖူး (၁) စီးလျှင် (၁၅၀၀) ကျပ်ဈေးဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံကုန်စိမ်းမျိုးစုံ ရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(ရှမ်း)