Main menu

ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ကွမ်းသီး နှင့် ကွမ်းရွက်ဈေးနှုန်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကွမ်းဈေးကွက်ကောင်းမွန်လျက်ရှိသည်။ ယခင်လ ဩဂုတ်လ၊ စက်တင်ဘာလက ကွမ်းဈေးကွက်မှာ ၁ပိဿာလျှင် ၁၅၀၀၀-၂၅၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ယနေ့ နိုဝင်ဘာလ ပထမပိုင်း ၂၀၂၅ ခုနှစ်တွင် ကွမ်း ၁ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ၂၈၀၀၀ကျပ်၊ ၃၅၀၀၀ကျပ်၊ ၄၀၀၀၀ကျပ် ယာကွမ်း၊ ကွမ်းရွက်နှ၊ ကွမ်းရွက်ကြမ်းများ အမျိုးအစားအလိုက် ရောင်းချကြောင်း ကွမ်းရောင်းချသူများထံမှ သိရသည်။

     ကွမ်းသီးဈေးကွက်အနေဖြင့် ကွမ်းသီးစိမ်း ၁လုံးလျှင် ၁၅၀ကျပ်၊ အလုံး၁၀၀လျှင် ၁၅၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ကွမ်းသီး အခွံခွာခြမ်း ၁ပိဿာလျှင် ၂၂၀၀၀-၂၄၀၀၀ ကျပ်၊ ဖြင့်ရောင်းချနေကြောင်း၊ ယခင် ဩဂုတ်လများက ကွမ်းသီးခြမ်း ၁ပိဿာလှင် ၁၈၀၀၀-၂၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ဈေးမှာကောင်းမွန်နေ၍ ရောင်းချသူများ အဆင်ပြေသလို၊ စိုက်ပျိုးသူတောင်သူများလည်း အဆင်ပြေလျက်ရှိသည်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးစိုက်ပျိုးဧက ၁၅၅ဧက ရှိပြီး ဒေသခံတောင်သူတွေ စပါးနဲ့ယှဉ်တွဲကာ ကွမ်း၊ ငရုတ်၊ ငှက်ပျော စတဲ့သီးနှံတွေကို တောင်သူတယောက်ကို ၁ ဧက ကနေ ၁၀ ဧကအထိ စိုက်ပျိုးကြောင်း သိရသည်။

DOCA(ဧရာဝတီ)