Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ‌နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၄၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၇၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၆၆၀၀ ၊ တန်အားဖြင့် ၅၈၃၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၆၀၀၊ တန်အားဖြင့် ၁၈၀တန် ပို၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)