Main menu

လားရှိုးမြို့တွင်း သစ်သီးဝလံ ဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ဈေးများတွင် ရာသီပေါ်သီးနှံများ လက်လီ/ကား အစုံအလင်ရောင်းချလျက်ရှိပြီး သီးနှံဈေးများ သင့်တင့်သဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ပန်းကြွပ်သီး(အသေး) ၁ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသီးအသေး တစ်လုံးလျှင် (၈၀၀ ကျပ်မှ ၁၀၀၀)ကျပ်၊ ပန်းသီးအကြီး တစ်လုံးလျှင် (၁၅၀၀) ကျပ်၊ ပန်းသီးအကြီး(အိတ်စွပ်) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ဒေသထောပတ်သီး (အသေး) တစ်လုံးလျှင် (၈၀၀ ကျပ်မှ ၁၀၀၀ကျပ်)နှင့် (အကြီး)တစ်လုံးလျှင် (၁၀၀၀ ကျပ်မှ ၁၅၀၀ကျပ်)၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် (၅၀၀၀ ကျပ်မှ ၆၀၀၀ကျပ်)၊ သီးမွှေးတစ်ဖီးလျှင် (၁၀၀၀၀)ကျပ်၊  တည်သီး (အသေး) တစ်လုံးလျှင်(၈၀၀ ကျပ်မှ ၁၀၀၀)ကျပ်၊ တည်သီး(အကြီး)တစ်လုံးလျှင် (၁၅၀၀ ကျပ်မှ ၂၀၀၀ကျပ်)၊ စပျစ်သီးအဝိုင်းသီး(အစေ့ပါခရမ်းရောင်) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး အဝိုင်းသီး (အစေ့ပါအစိမ်းရောင်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ စပျစ်သီးအရှည်သီး(အစေ့လွတ် ခရမ်းရောင်) တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ကဗ္ဗလာသီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်တို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။                                                                                                  

DOCA(ရှမ်း)