Main menu

ကမ္ဘာလုံးဆိုင်ရာ CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်မားလာ

Powered by Drupal

          ရုပ်ကြွင်းလောင်စာများမှ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုသည် ၂၀၂၅ ခုနှစ်အတွင်း စံချိန်တင်မြင့်မားလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်ထက် ၁.၁ ရာခိုင်နှုန်း တိုးလာကြောင်း ဘရာဇီးနိုင်ငံ Belem ၌ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် 30th United Nations Climate Change Conference (COP30) တွင် ပြသသည့် လေ့လာမှုတစ်ခုအရ သိရ သည်။ နိုင်ငံတကာ သိပ္ပံနည်းကျ လုပ်ငန်းစု Global Carbon Project မှ ထုတ်လုပ်သော Global Carbon Budget 2025 တွင် ရုပ်ကြွင်း CO2 ထုတ်လွှတ်မှုသည် ယခုနှစ်တွင် တန်ချိန် ၃၈.၁ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်သို့ လျှော့ချရန် ရည်မှန်းချက်သည် လက်ရှိအခြေအနေများအောက်တွင် လက်လှမ်းမမီနိုင်ဘဲ သမုဒ္ဒရာများနှင့် သစ်တောများကဲ့သို့သော သဘာဝကာဗွန်နစ်မြုပ်မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် အားနည်းလျက်ရှိကြောင်း အစီရင်ခံစာက သတိပေးထားသည်။ CO2 ဓာတ်ငွေ့ထုတ် လွှတ်မှု တိုးလာနေသေးသောကြောင့် ကမ္ဘာကြီးပူနွေးလာမှု ၁.၅ ဒီဂရီစင်တီဂရိတ် အောက်ကို ထိန်းထားနိုင်မှုက မဖြစ်နိုင်သေးကြောင်း၊ ၁.၅ ဒီဂရီစင်တီဂရိတ်အတွက် ကျန်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် တန်ချိန် ၁၇၀ ဘီလီယံသည် လက်ရှိ ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းဖြင့် ၂၀၃၀ ခုနှစ် မတိုင်မီ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း Exeter တက္ကသိုလ်မှ ပါမောက္ခ Pierre Friedlingstein က ပြောကြားခဲ့သည်။ နိုင်ငံ ၃၅ နိုင်ငံသည် ၎င်းတို့၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာတွင် အောင်မြင်မှုနဲ့အတူ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းလျက်ရှိကြောင်း East Anglia တက္ကသိုလ်မှ ပါမောက္ခ Corinne Le Quere က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)