
မလေးရှားနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ရင်းဂစ် ၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၃၉၀) မှ တတိယသုံးလပတ်တွင် ရင်းဂစ် ၈.၅ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ တိုးလာမှုသည် ကြီးမားသော အစုရှယ်ယာ ထိုးသွင်းမှုများဖြင့် အဓိက ပံ့ပိုးပေးခြင်းဖြစ်ကြောင်း မလေးရှား စာရင်းအင်းဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ FDI အများစုသည် ဝန်ဆောင်မှုကဏ္ဍအတွင်း အထူးသဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွဲများအတွင်း၊ အထူးသဖြင့် ဒေတာစင်တာလုပ်ငန်းများနှင့် ချိတ်ဆက်ထားသည်။ ဝန်ဆောင်မှုကဏ္ဍတွင် အဓိကအားဖြင့် ဝင်ငွေပြန်လည်ရင်းနှီးမြှုပ်နှံခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး ကဏ္ဍခွဲတွင် အများစုကို စုစည်းထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြစ်သည်။ FDI ၏ အဓိက ရင်းနှီးမြှုပ်နှံသူများသည် စင်္ကာပူနိုင်ငံ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်သည်။ ခြုံငုံကြည့်လျှင် မလေးရှား၏ FDI အနေအထားသည် သုံးလပတ်တွင် ရင်းဂစ် ၁၉.၅ ဘီလီယံ တိုးလာပြီး ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ရင်းဂစ် ၁၀၂၁.၅ ဘီလီယံအထိ မှတ်တမ်းတင်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ မလေးရှား၏ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (DIA) သည် လွန်ခဲ့သည့် သုံးလပတ်တွင် အသားတင်ဝင်ရောက်မှုမှ ရင်းဂစ် ၁.၇ ဘီလီယံ မှတ်ပုံတင်ခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
