Main menu

တမူးမြို့တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ ( ၂ ) ရပ်ကွက်ရှိ ဆန်စက်လုပ်ငန်းရှင် ဦးဇော်မျိုးထိုက်နှင့် တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်မှ ဦးဆောင်၍ ( ၂၈.၁၀.၂၀၂၂ ) ရက်နေ့တွင် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုအခါတွင် ချင်းသုခ၊ ချင်း - ၃ စပါးများ အသစ်ပေါ် နေပြီဖြစ်ပြီး ချင်းသုခစပါး တစ်တင်းလျှင် ( ၆၀၀၀ ) ကျပ်၊ ချင်း - ၃ စပါး တစ်တင်းလျှင် ( ၇၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိပြီး၊ ဆန်ဟောင်းဈေးနှုန်းများအနေဖြင့် ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၅၅၀၀၀ ) ကျပ်၊ ချင်း - ၃ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃၈၀၀၀ ) ကျပ်၊ ချင်းသုခ ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၄၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း မေးမြန်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)