
နယူးဇီလန်နိုင်ငံရှိ စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ တစ်နှစ်တာကာလအတွင်း ၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ရှိခဲ့သော ၄.၁ ရာခိုင်နှုန်းမှ အောက်တိုဘာလတွင် ၄.၇ ရာခိုင်နှုန်း သို့ မြင့်တက်လာခဲ့ကြောင်း Stats NZ က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
စားသောက်ကုန်မျိုးစုံသည် ၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အသား၊ ကြက်၊ ငါးဈေးနှုန်းများမှာ တစ်နှစ်လျှင် ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ထင်ရှားသော ဈေးနှုန်းမြင့်တက်မှုများတွင် နို့ ၁၃.၅ ရာခိုင်နှုန်း၊ အသင့်ဖျော်ကော်ဖီ ၂၅.၅ ရာခိုင်နှုန်း၊ ဒိန်ခဲ ၃၀.၁ ရာခိုင်နှုန်းနှင့် ကြက်ဥစိမ်း ၁၈.၅ ရာခိုင်နှုန်း တို့ပါဝင်ပါသည်။
စားသောက်ကုန်ဈေးနှုန်းများသည် နှစ်စဉ်တိုးလာသော်လည်း စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် စားသောက်ကုန်ဈေးနှုန်းများ ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်း အကြီးစားလစဉ်ကျဆင်းမှုသည် ဟင်းသီးဟင်ရွက်ဈေးနှုန်း ၁၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း Growden က ပြေားကြားခဲ့ပါသည်။
လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ဈေးနှုူန်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ ၁၂ လတာကာလအတွင်း ၁၁.၈ ရာခိုင်နှုန်းနှင့် ၁၄.၄ ရာခိုင်နှုန်း ဆက်လက်မြင့်တက်ခဲ့ပြီး အောက်တိုဘာလတွင် လစဉ် ၀.၅ ရာခိုင်နှုန်းနှင့် ၁.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
