
မွန်ဂိုလီးယားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP သည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ယခင်နှစ်အလားတူကာလကထက် ၅.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံး (NSO) ၏ နိုဝင်ဘာလ ၁၇ ရက်နေ့ တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် တူဂရစ် ၆၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံ) အထိ ရှိခဲ့ပါသည်။ တိုးတက်မှုမှာ အဓိကအားဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သတ္တုတွင်းများ၏ ကောင်းမွန်သော စွမ်းဆောင်ရည်များကြောင့်ဖြစ်ကြောင်း NSO က ပြောကြားခဲ့ပါသည်။
အချက်အလက်များအရ မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်တွင် ၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဖွံဖြိုးရေးဘဏ် (ADB) က မွန်ဂိုလီးယား စီးပွားရေးသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ၅.၇ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားပါသည်။
ADB ၏ အဆိုအရ မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် မွေးမြူးရေးလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုနှင့် သတ္တုတွင်းလုပ်ငန်း တိုးမြှင့်လုပ်ဆောင်မှုတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
