Main menu

ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် တတိယသုံးလပတ်တွင် ၁.၂ ရာခိုင်နှုန်းအထိ နှေးကွေးလာ

Powered by Drupal

          ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်တွင် အားနည်းခဲ့ခြင်းသည် အစိုးရ၏ သုံးစွဲမှု၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုများကျဆင်းခြင်းနှင့် အတူ ပို့ကုန်နှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ လျော့နည်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

          အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ၏ အဆိုအရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် ယခင် သုံးလပတ် က ၂.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ၁.၂ ရာခိုင်နှုန်း အထိ နှေးကွေးသွားခဲ့ခြင်းဖြစ်ပါသည်။ သုံးလပတ် အလိုက်ကြည့်လျှင် GDP သည် ရာသီအလိုက်ချိန်ညှိပြီးနောက် တတိယ သုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း လျော့သွားခဲ့ရာ သုံးနှစ်နီးပါးအတွင်း ပထမ အကြိမ်အဖြစ် သုံးလပတ်ကျဆင်းမှုကို ပြသနေကြောင်း  NESDC က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

          ၂၀၂၅ ခုနှစ်၏ ပထမ ၉ လ တာကာလအတွင်း စီးပွားရေးသည် ၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိက ဝယ်လိုအားနှင့် အရေးပါသော ခရီးသွားလုပ်ငန်းတို့သည် တည်ငြိမ်စွာပြန်လည်ကောင်းမွန်လာမှုတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၁.၂ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်း ကြားတိုးလာမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)