Main menu

နိုဝင်ဘာလဒုတိယပတ်ပဲထောပတ်စျေးအနည်းငယ်ကျ

Powered by Drupal

          ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ ပဲထော ပတ် (ကြီး) ၂၆၀၀၀၀ကျပ်နှင့်၂၇၀၀၀၀ကျပ်၊ ပဲထောပတ်(လတ်)၂၆၅၀၀၀ကျပ်၊ ပဲထောပတ် (သေး) ၁၈၀၀၀၀ကျပ်နှင့် ၁၉၅၀၀၀ကျပ်နှင့်တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်) ၅၁၅၆ကျပ်နှင့် ၅၃၃၃ ကျပ်၊ပဲထောပတ်(ကြီး) ၄၆၂၂ကျပ်နှင့် ၄၈၀၀ကျပ်၊ပဲထောပတ်(လတ်)၄၇၁၁ ကျပ်၊ ပဲထောပတ် (သေး) ၃၂၀၀ကျပ်နှင့်၃၄၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေး မှာ ပဲထောပတ်(ကြီး) ၅၇၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ် စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)