
မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်(MDCCI)တွင် နေ့စဉ်ပဲမျိုးစုံအရောင်းအဝယ် ဖြစ်ပေါ် လျက်ရှိရာ ပဲဇီးကွက် ပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ပဲဇီးကွက် တစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လ အောက်တိုဘာလ၌ ပဲဇီးကွက်တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပဲဇီးကွက်တစ်တင်းလျှင် (၂၀၀၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက် ခဲ့ခြင်းမှာ ဈေးကွက်တွင် ပဲဇီးကွက်လက်ကျန် အိတ်များ လျော့နည်းလာပြီဖြစ်၍ ရောင်းလိုအား နည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် လက်ကျန် ပဲဟောင်းများကိုသာ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြ ချက်အရသိရှိရသည်။
DOCA(မန္တလေး)
