Main menu

နိုဝင်ဘာလဒုတိယပတ်မန္တလေးပဲပုတ်စျေးအနည်းငယ်ကျ

Powered by Drupal

        ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလဒုတိယပတ်အတွင်းပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၃၀၀၀၀၀ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ) ၃၅၅၀၀၀ကျပ်၊ ပဲပုတ်(စက်ပဲ) ၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း)၅၅၄၀ကျပ်နှင့်၅၈၂၂ကျပ်၊ပဲပုတ်(ဗမာ) ၆၆၆၇ ကျပ်၊ ပဲပုတ်(စက်ပဲ)၅၂၅၈ကျပ်နှင့် ၅၄၄၆ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၅၇၃ကျပ်နှင့် ၇၈၈၇ ကျပ်၊ပဲပုတ်(ဗမာ)  ၈၄၅၁ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၆၃၄ကျပ်နှင့် ၆၁၇၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူ ပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)