
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ထားဝယ်ကျေးရွာတွင်မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေသည့် ဆူးပုတ်ပင်များကိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ဆူးပုတ်ပင်ကိုအပင်(၃၀၀)ခန့်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး (၆) လအကြာတွင်ခူးဆွတ်ရောင်းချကြောင်း ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး အစည်း ရေ(၂၀၀)ကျော် ခန့်ထွက်ရှိကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖျန်းပေး ရကြောင်းသိရှိရပါသည်။ဆူးပုတ်ရွက်(၁)ပိဿာလျှင် လက်ကားဈေး (၄၀၀၀)ကျပ် နှုန်းဖြင့်ဈေးများတွင် ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း လက်လီ(၁၀)ကျပ်သားလျင် (၈၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချရပြီး ဆူးပုတ်ရွက်ကို အကုန်မညှပ်ဘဲ ဈေးကောင်းသည့် အချိန်မှဖမ်းညှပ်သလို ပုံမှန်ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် အချို့ကျေးရွာများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
