Main menu

နိုဝင်ဘာလဒုတိယပတ်ရှိမန္တလေးပဲနီပြားစျေး

Powered by Drupal

            ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် တွင်ပဲနီပြားသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။   မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ် အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၅၀၀၀၀၀ ကျပ်နှင့် ၅၃၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား (ကျွန်း) ၉၀၅၀ ကျပ် နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး)၇၆၀၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလ တူစျေးမှာတစ်ပိဿာလျှင်ပဲနီပြား(ကျွန်း) ၉၄၁၂ကျပ်နှင့်၉၇၇၄ကျပ်၊ပဲနီပြား(တံတားဦး) ၈၃၂၆ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြားမှာ စျေးအနည်းငယ်လျော့ကျသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)