Main menu

ပဲပုတ်တန်းရပ်ကွက်ရှိ ဆွေသဟာဆန်ဆိုင်သို့ စစ်ဆေးခြင်း

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ပဲပုတန်းရပ်ကွက်၊၈၉လမ်းနှင့် ၃၆ လမ်း ထောင့်ရှိ ယုဇနဆန်ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက် စျေးနှုန်း များ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန်လက်ကျန်အခြေအနေများ အား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း၊ ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူ စားသုံး သူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လွင် နှင့် ဦးစီးအရာရှိဒေါ်ယဉ်ယဉ်ရွှေတို့ပါဝင်ပြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစားစျေးနှုန်းများ သင့်တင်မျှတသော စျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

DOCA(မန္တလေး)