Main menu

စျေးငြိမ်နေသောမန္တလေးနနွင်းတက်စျေးကွက်         

Powered by Drupal

            မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင်နနွင်းတက်စိုက်ပျိုးမှု ၂၈၉၉ ဧက၊ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်   နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက်တစ်ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်းစျေးကွက်တွင်စျေးငြိမ်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)