Main menu

“ ပဲယဉ်းများစတင်စိုက်ပျိုး”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ ၊ မတ်ပဲ ၊ ပဲကြီး၊ကုလားပဲ၊ပဲစဉ်းငုံသီးနှံများအပြင်၊ပဲယဉ်းသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ အောက်တိုဘာ လဆန်းမှ စတင်၍ ပဲယဉ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိပါသည် ။ အများဆုံး စိုက်ပျိုးသော ရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ပခမ်းနှင့်ခင်လည်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး(၄)လအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၂)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပဲယဉ်းကြီးမျိုးနှင့်ပဲယဉ်းသေးမျိုးများကိုသာ စိုက်ပျိုး ကြကြောင်း၊ ယခင်နှစ် ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၅-၃၀)တင်း ထွက်ရှိခဲ့ကြောင်း ၊ ယခင်နှစ် ပဲယဉ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျင် (၄၅၀၀၀)ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၉၇၅၀၀၀)ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၈၃၀၀၀)ကျပ်ခန့်ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲယဉ်းသီးနှံပေါ်ချိန်တွင် တောင်သူ များမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း ၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ် ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိ ရပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲယဉ်းသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)