Main menu

အမေရိကန်-တောင်ကိုရီးယားကုန်သွယ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်တော့မည်ဟု ကြေညာခဲ့သည့် Samsung နှင့် Hyundai

Powered by Drupal

          Samsung Electronics နှင့် Hyundai motorနှင့် တစ်ခြားသော တောင်ကိုရီးယား ထုတ်လုပ်သူများသည် အမေရိကန်-တောင်ကိုရီးယားသဘောတူညီမှုအပြီးတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု စီမံကိန်းများကို ဖော်ထုတ်ပြခဲ့ကြောင်း သိရပါသည်။ Samsung Electronics သည် ကမ္ဘာ့ AI လိုအပ်ချက်များအကြားကိုက်ညီရန်အတွက် ချစ်ပ်ဆက်များထုတ်လုပ်ခြင်းကို ၎င်း၏ စက်ရုံတွင် ထပ်ပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းသည် Samsung ၏ ၅ နှစ်တာကာလ အမေရိကန်‌ ဒေါ်လာ ၃၁၀.၇၉ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ အမေရိကန်နိုင်ငံရှိ နည်းဗျူဟာကဏ္ဍ များတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမည်ဟု သဘောတူညီမှု အဆုံးသတ် အပြီးတွင် Samsung  ၏ကြေညာချက်သည် တောင်ကိုရီးယားနိုင်ငံသမ္မတ Lee Jae Myung ၏ နိုင်ငံတွင်း စီးပွားရေးခေါင်းဆောင်များနှင့် ပြုလုပ်သော အစည်းအဝေးအတွင်းတွင် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအစည်းအဝေးတွင် တောင်ကိုရီးယားနိုင်ငံသမ္မတက ကုမ္ပဏီများအား ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကောင်းမွန်သော အမေရိကန် ဒေါ်လာ ၃၅၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပြုလုပ်ရန် အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုပါအစည်းအဝေးတွင် Hyundai Motor ကုမ္ပဏီကလည်း ဝမ် ၁၂၅.၂ ထရီလီယမ်တန်ကြေးရှိသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို ကြေညာခဲ့ပါသည်။ Samsung Electronics သည် နိုဝင်ဘာလတွင် ၎င်းတို့၏ ချစ်ပ်ဆက်စျေးနှုန်းများကို ၆၀ ရာခိုင်နှုန်း ခန့်မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ Samsung ၏ p5 စက်ရုံသည် စမတ်ဖုန်းများနှင့် PC များ အတွက် ချစ်ပ်လိုအပ်မှုလျော့နည်းခြင်းကြောင့် ၂၀၂၃ ခုနှစ်ကတည်းက နှောင့်နှေးမှုများရှိခဲ့ ကြောင်း သိရပါသည်။ သို့ရာတွင် Samsung သည် ၎င်း၏ P5 စက်ရုံအား ၂၀၂၈ ခုနှစ်တွင် အမြောက်အများထုတ်လုပ်မှုကိုစတင်မည်ဖြစ်ကြောင်းနှင့် တိုးချဲ့ထားသောလုပ်ငန်းများ အထောက်အကူပြုရန်အတွက် အဆောက်အဦရင်းနှီးမြှုပ်နှံမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)