
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(တ)ရပ်ကွက်ရှိ စားအုန်းဆီ လက်လီကိုယ်စားလှယ် ဆိုင်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူး ရောင်းချနေ မှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသောဆီများအား ဇလွန်မြို့ရှိ ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေး ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်းသိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
