Main menu

သဘာဝသီးနှံပင်ဖြစ်သည် ပျဉ်တော်သိမ်၊ လောက်သေရွက် ရာသီမရွေးထွက်ရှိနေပြီး ဈေးနှုန်းအခြေအနေ

Powered by Drupal

     ရာသီမရွေးထွက်ရှိနေသော သဘာဝပေါက်ပင်ဖြစ်သည့် ပျဉ်တော်သိမ်၊ လောက်သေရွက် သဘာ၀တရားမှ ပေးသည့် လက်ဆောင်မွန် ပျဥ်းတော်သိမ်ပင်၏ အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်ကြောင်း သိရသည်။ ပျဉ်းတော်သိမ်ပင်ကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ နေရာအများအပြားတွင် ဖြစ်ထွန်းပေါက်ရောက်သည်ကို တွေ့ရှိရပြီး အချို့သောဒေသများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်သည်။ လောက်သေပင်သည် ပင်ပျော့ပင်ငယ် သက်ပြင်းမျိုးဖြစ်သည်။ မှီတွယ်ရာမရှိသော နေရာများ၌ မြေပေါ်တွင် ဖြန့်တွားပေါက်၏။ အမြင့် ၅-၆ ပေခန့်မြင့်၏။ ပင်စည်သေးသွယ်ပြီး မွဲခြောက်ခြောက် အရောင်ရှိသည်။ အကိုင်းအခက်များ အညိုရောင်ရှိသည်။ ရွက်လွှဲထွက်၏။ လှံသွားပုံရှိ၏။ အလျား ၆လက်မ၊ အနံ ၂ လက်မခန့်ရှိ၏။ ရွက်ထိပ်ချွန်၏။ အပေါ်မျက်နှာပြင်ပေါ်တွင် သေးငယ်သော ဆူးလေးများရှိသည်။ ရွက်ညှာအတောင်ပါသည်။ ရွက်ညှာရင်းနားတွင် ရွက်စွယ် အဖတ်လေးများရှိပြီး သဘာဝအလျောက် ပေါက်ရောက်သည်။

    မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် သဘာဝပေါက်ပင်များမှ ထွက်ရှိသော အရွက်များကို ရောင်းချလျက်ရှိသည်၊ ပျဉ်တော်သိမ် ၁စီးလျှင် ၂၀၀ကျပ်၊ လောက်သေရွက်၁စီးလျှင် ၂၀၀ကျပ်၊ ရဲယိုရွက် ၁စီးလျှင် ၂၀၀ကျပ်ဖြင့် ရာသီမ‌ရွေးရောင်းချနေကြောင်း တွေ့ရှိရသည်။ စီးပွာဖြစ် စိုက်ပျိုးသီးနှံမဟုတ်ပဲ သဘာဝပေါက်ပင်မှ ပေးသော အပင်များမှ မိသားစု အပိုဝင်ငွေရ ရောင်းချလျက်ရှိကြောင်း မအူပင်အခွန်လွတ်ဈေးမှ ကုန်စိမ်းရောင်းချ သူများကရှင်းပြ၍ သိရသည်။

DOCA(ဧရာဝတီ)