
တန်ဆောင်မုန်းရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်း များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ သစ္စာပန်းအပွင့် အရောင်မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီ စျေးနှုန်းများမှာ သစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့်ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းလရာသီအခါသမယအတွင်း ဘုရားပွဲနှင့် အလှူ ပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာစျေးကွက်အတွင်း ဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
