Main menu

“ မြစ်သားမြို့နယ်ရှိထောပတ်ပဲများစတင်စိုက်ပျိုး”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံ ဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ပဲကြီး၊ကုလားပဲ၊ပဲစဉ်းငုံသီးနှံများအပြင်၊ ‌ထောပတ်ပဲသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည် ။ ၄င်းသီးနှံကို အောက်တိုဘာလဆန်းမှ စတင်၍ စတင်စိုက်ပျိုး လျက်ရှိရာ အများဆုံး စိုက်ပျိုးသောရွာများမှာ ရိုးကန် ၊ ရစ်ကန် ၊ တောင်တွင်းရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ စိုက်ပျိုးပြီး (၄)လ အကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲ သီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံး စိုက်ပျိုးသောမျိုး များမှာ ပင်ထောင်မျိုးနှင့်ပင်ပြန်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊ ယခင်နှစ် ထောပတ်ပဲ ပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်း ထွက်ရှိခဲ့ကြောင်း ၊ ယခင်နှစ် ထောပတ်ပဲဈေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၇၀၀၀၀၀)ကျပ် မြတ်ခဲ့ကြောင်း ၊ ယခုလက်ရှိ ထောပတ်ပဲ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ထောပတ်ပဲသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်းသကြားဓာတ်ကျဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ ဆံသားကျန်းမှာစေနိုင်သောကြောင့် ထောပတ်ပဲကိုစားသုံးသင့်ပါကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက် ဝယ်လိုအားရှိသော ထောပတ်ပဲသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)