
ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊ကူမဲဈေးများသို့ ရှမ်းပြည်၊ အောင်ပန်း၊ပင်းတယနှင့်ရွာငံမြို့များမှ ဂေါ်ရခါးသီးများဝင်ရောက်လျက်ရှိကြောင်း ၊ ဂေါ်ရခါးသီးပင် သည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရကြောင်း ၊ ဂေါ်ရခါးသီးကိုလူကြိုက်များသောကြောင့် ဝယ်လိုအား ကောင်းကြောင်း၊ယခုလက်ရှိ ဂေါ်ရခါးသီးစျေးနှုန်းအနေဖြင့် ယခင်လတွင် (၁)လုံးလျှင်လက်ကား စျေး(၁၀၀-၁၅၀)ကျပ်၊ လက်လီစျေး(၂၀၀-၂၅၀)ကျပ်၊ ယခုလတွင် (၁)လုံးလျှင်လက်ကားစျေး(၃၀၀-၃၅၀)ကျပ်၊လက်လီစျေး(၄၀၀-၄၅၀)ကျပ်စျေးနှုန်းရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်းသိရှိရပါသည် ။ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓါတ်နှင့်ရေဓါတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်း ၊ ဗီတာမင်-B နှင့် ဗီတာမင်-C တို့ပါဝင်နေ သဖြင့် ခန္ဓာကိုယ်သက်လုံကောင်းပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်း နှင့် ရောနှောချက်ပြုတ်ရာတွင်လည်းကောင်း၊ မုန့်နှစ်နှင့်ကြော်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြု ကြကြောင်း ၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA( မန္တလေး)
