Main menu

“မျှစ်များလှိုင်လှိုင်ထွက်ပေါ်မှုနည်းပါး၍မျှစ်ဈေးနှုန်းတက်”

Powered by Drupal

   သစ်တောထွက်ပစ္စည်းများအနက် ဝါးသည်လည်း အခြေခံလူတန်းစားများအတွက် အိမ်ယာအဆောက်အဦများ ဖန်တီးပေးရုံသာမက ၄င်းမှထွက်ရှိသော ဝါးမျှစ်များမှာ မိသားစုစားနပ်ရိက္ခာ ဖူလုံရေးအတွက်လည်း အထောက်အကူပြုသော သဘာဝအစားအစာ တစ်မျိုးဖြစ်ပါသည်။ ဝါးမျိုးမျှစ်များကို နှစ်စဉ်ဇူလိုင်လမှ စက်တင်ဘာလလောက်အထိ သဘာဝတောများတွင် ပေါက်ရောက်သော ဝါးပင်များမှ ဝါးအနုလေးများအား ခူးယူပြီး မျှစ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း ၊ မျှစ်ချဉ်ပြုလုပ်၍ လည်းကောင်း ၊ အခြောက်ခံ၍လည်းကောင်း စားသုံးကြပါသည် ။ မျှစ်ကိုပြုတ်ပြီး ရေအထပ်ထပ် ဆေးပြီးမှစားသုံးသင့်ကြောင်း ၊ ကျောက်ဆည်မြို့နယ် ကျောက်ဖျာ နှင့် ကင်းကျေးရွာစသည့် ကျေးရွာနေဒေသခံများမှ မျှစ်ထွက်ပေါ်ချိန်တွင် တောင်ပေါ်သို့ သွားရောက်၍ ချိုးယူကြကြောင်း၊  လူတစ်ဦး(၁)ရက်လျှင် မျှစ်(၁၀)ပိဿာအထက် ချိုးယူ၍ရကြောင်း၊ တောထဲမှချိုးယူလာသော မျှစ်များအား အိမ်တွင် တစ်ဗွက်ဆူပြုတ်ပြီး တစ်ပိဿာထုပ်များ ပြုလုပ်ကာ လှည့်လည်ရောင်းချရ ကြောင်း၊ မျှစ်များ ပေါ်ဦးပေါ်စအချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး၊ လှိုင်လှိုင်ပေါ်ထွက်သည့်အချိန်တွင် (၂၀၀၀-၂၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ ယခုချိန်တွင် မျှစ်ထွက်ရှိမှုမရှိသောကြောင့် မျှစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၊ ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် မျှစ်(၁)ပိဿာလျှင် (၃၈၀၀-၄၀၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ အေးမြကြည်လင် ဈေးရှိ မျှစ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)