Main menu

“နံနံစိုက်ပျိုးသူများဈေးကောင်းရလျက်ရှိ”

Powered by Drupal

   နံနံပင်သည် အထင်ရှားဆုံးဟင်းခက်အမွှေးကြိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်စုံတို့တွင်တွဲဘက်စားသုံးပြီး၊ တို့စရာအဖြစ်လည်းစားသုံးကြပါသည်။ နံနံပင်ကို ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာဈေးကြီးပေးဝယ်ရပါသည်။ နံနံစိုက်ပျိုးရန်အတွက် ရေမဝပ်သောနုံးမြေသည် အထူးသင့်လျော်ပါသည်။ နံနံပင်ကိုဘောင်များ ပြုလုပ်၍ စိုက်ပျိုးပါက ဘောင်ကို(၄-၅)လက်မပြုလုပ်ပြီး (၂-၃)ပေအကျယ်ဖြင့် အရှည်ကိုလိုသလို ပြုပြင်နိုင်ပြီး ဘောင်ပေါ်တွင်(၀.၅)လက်မ အနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များ ချကာ နွားချေးမှုန့်၊ မြေဆွေးမှုန့်များ ပါးပါးဖုံးပေးရပါသည်။ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်များပေါက်လာပါက ရေကိုလျော့လောင်းပေးခြင့်ဖြင့် ခါးရိရောဂါကို ကာကွယ်ပေးပြီးသားဖြစ်ပါးသည်။ နံနံမျိုးစေ့(၁)ပြီလျှင် (၃၅၀၀/-) ကျပ်ဖြင့်ဝယ်ယူပြီး တစ်ဘောင် လျှင် တစ်ဘူးနှုန်းဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ နံနံကို ခရမ်းချဉ်သီး၊ငရုတ်၊ပဲများနှင့်ရော၍ သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ကြောင်း၊ တနွေလုံးပေါက် နံနံပင်လိုချင်လျှင် (၂)ပတ်ခြား၊ (၄)ပတ်ခြား စိုက်ပျိုး နိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်သားမှ စတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ် နိုင်ပါသည်။ နံနံပင်တစ်ဘောင်လျှင် အစည်းရေ(၇၀)ခန့် ထွက်ရှိပြီး၊ နံနံပင်(၁၀)ပင်ပါ တစ်စည်းလျှင် လက်ကားဈေး(၂၅၀)ကျပ်၊ လက်လီ ဈေးအနေဖြင့် (၄၀၀/၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ရကြောင်း၊ ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်အနေဖြင့် နံနံမျိုးစေ့(၁)ပြီစိုက်ပျိုးပါက (၁၀၀၀၀၀/-) ကျပ်ခန့် အမြတ်ရရှိ ကြောင်း၊ နံနံပင်ကို အိမ်ရှင်မများမှ ငါးလေးအိုးကပ်ချက်၊ မုန့်ဟင်းခါး/ မုန့်တီသုပ်နှင့်အစုံသုပ်တို့တွင်မပါမဖြစ်သောအရွက်ဖြစ်သောကြောင့်၊ နံနံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် နေ့စဉ်မိသားစုဝင်ငွေရရှိပြီး ဈေးကွက်ဝယ်လိုအားရှိသောကြောင့် နံနံပင်ကို စိုက်ပျိုး သင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)