Main menu

 ပန်းတိမ်ငိုပန်းစျေးအနည်းငယ်တက်

Powered by Drupal

           တန်ဆောင်းမုန်းလရာသီအခါသမယတွင် မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှု အနည်းငယ်လျော့နည်းလျက်ရှိပြီး၊စျေးအနည်းငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။  ပန်းတိမ်ငို ပန်းများမှာ အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင် အစီး များတွေ့ရှိရပြီး၊ ခရမ်းရောင်ပန်းမှာ ဝယ်ယူသူများပိုမိုနှစ်သက်ကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ် သည့်လက်လီစျေးနှုန်းများမှာ ပန်းတိမ်ငိုပန်း(၁၀ခက်ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး) ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ ပန်းအခက်အကြီး အသေးအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းလအခါသမယ ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ပန်းတိမ်ငိုပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)