
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်း ဒေသထွက်ငရုတ်သီးစိမ်း ဈေးကောင်းလျက်ရှိ ကြောင်းသိရသည်။ ငရုတ်သီးစိမ်းကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသည့် အပြင်စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ငရုတ်သီးမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးအရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးပွ ဆိုပြီးအမျိုးမျိုးရှိကြသည်။ ငရုတ်သီးပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဖူးဖွင့်ကာအသီးသီး လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် မိုးမျှော်ငရုတ်သီးလက်ကား ဈေးနှုန်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငရုတ်သီးအရှည်လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငရုတ်သီးပွလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေပေါ်ဈေးငရုတ်သီးအရောင်းဆိုင်မှ သိရသည်။
DOCA(ကရင်)
