
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရာသီစာသီးနှံဖြစ်သည့် မန်ကျည်းသီးစိမ်းနုများ စတင်ထွက်ရှိ၍ ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးပင်သည် အသီး၊ အရွက်၊အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီးသည်။ မန်ချည်းသီးစိမ်းနုကို ငပိစိမ်းစာဖြင့်ကြော်စားစား စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန် စေသည်။ မန်ကျည်းသီးစိမ်းနုတစ်ပိဿာလက်ကားဈေးနှုန်း (၁၀၀၀၀)ကျပ်နှင့် လက်လီဈေး တစ်ဆယ်သားလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
