
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(ကရင်ပြည်နယ်အသင်းခွဲ)ဘားအံ၏ လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ရေး ဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်အသင်းဥက္ကဋ္ဌနှင့် ဝန်ထမ်းများသည် ဘားအံမြို့ပေါ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဘားအံမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများတွင် လက်ရှိအရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများမှာ ဆန်အသွယ် (၁၀၈ ပေါင်) ထူးရှယ် (၇၅၀၀၀မှ၉၅၀၀၀) ကျပ်၊ ဆန်အသွယ် (၁၀၈ ပေါင်) ရိုးရိုး (၆၀၀၀၀ မှ၇၀၀၀၀) ကျပ်၊ ဆန်သုခ (၁၀၈ ပေါင်) ထူးရှယ် (၆၅၀၀၀ မှ၇၀၀၀၀) ကျပ်၊ ဆန်သုခ (၁၀၈ ပေါင်) ရိုးရိုး (၆၀၀၀၀ မှ၆၅၀၀၀) ကျပ်၊ ဆန်ကွဲ(၁၀၈ ပေါင်) ကြီး (၄၅၀၀၀မှ၅၅၀၀၀ ) ကျပ်၊ ဆန်ကွဲ(၁၀၈ ပေါင်) သေး (၄၃၀၀၀ မှ၄၅၀၀၀) ကျပ်၊ ရွှေဘို (၁၀၈ ပေါင်) ထူးရှယ် (၂၀၅၀၀၀မှ၁၀၀၀၀ ) ကျပ်၊ ရွှေဘို (၁၀၈ ပေါင်) ရိုးရိုး (၁၉၀၀၀ မှ ၂၀၀၀၀၀) ကျပ်၊ ဖျာပုံ (၁၀၈ ပေါင်) ထူးရှယ် (၁၄၅၀၀၀မှ၁၅၅၀၀၀ ) ကျပ်၊ ဖျာပုံ (၁၀၈ ပေါင်) ရိုးရိုး (၁၃၅၀၀၀ မှ၁၄၅၀၀၀) ကျပ်၊ သထုံပေါ်ဆန်း (၉၀ ပေါင်) ထူးရှယ် (၉၅၀၀၀မှ ၁၁၀၀၀၀ ) ကျပ်၊ ဖျာပုံမွှေးသစ် (၁၀၈ ပေါင်) ထူးရှယ် (၁၃၀၀၀၀မှ၁၄၀၀၀၀ ) ကျပ်၊ သုခသစ် (၁၀၈ ပေါင်) ထူးရှယ် (၄၈၀၀၀မှ၅၀၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စက်ကြိတ်အဆင့်အတန်း အရည်အသွေး ဆန်သစ်-ဆန်ဟောင်း အိတ်သားတက်မှု အခြေအနေ ဆန်ကွဲပါဝင်မှု ငွေပေးချေမှုနှင့် အိတ် ခွံစသော အရည်အသွေးများအပေါ် လိုက်၍ ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်းနှင့် သက်ဆိုင်ရာဒေသများတွင် ရောင်းဝယ်သည့် ဈေးနှုန်းများဖြစ်၍ လက်လီဈေးတွင် (၁၀%) အတွင်း ရှိနိုင်ကြောင်း သိရသည်။
DOCA(ကရင်)
