Main menu

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

Powered by Drupal

      ရွှေဘိုခရိုင်အတွင်းတွင် နိုဝင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ ပထမပတ် တွင် ရန်ကုန်သို့ (၄၂၉၉၉)အိတ်၊ မန္တလေးသို့ (၂၇၆၈၂) အိတ်၊ နေပြည်တော်သို့ (၁၁၃၁)အိတ်၊ပဲခူးတိုင်းသို့ (၄၀၄၀)အိတ်၊ မကွေးတိုင်းသို့ (၈၅၀)အိတ်၊ ရှမ်း(တောင်)သို့ (1၀၆၃၃)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၀၅)အိတ်၊ မွန်ပြည်နယ်သို့ (၃၂၈၉)အိတ်၊ ကရင်ပြည်နယ်သို့ (၃၃၅၅)အိတ် ၊မူဆယ်သို့ (4၈၀)အိတ်၊ဧရာဝတီသို့ (၇၀၀)အိတ် စုစုပေါင်း အိတ်ရေ ၉၈၁၆၄ တန်အားဖြင့် ၄၉၀၈တန် စီးထွက်ခဲ့ပါသည်။

    နိုဝင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ (၅၉၈၈၆)အိတ်၊ မန္တလေးသို့ (၃၇၄၀၆) အိတ်၊ နေပြည်တော်သို့ (1၉၃၅)အိတ်၊ပဲခူးတိုင်းသို့ (၆၃၃၅)အိတ်၊ မကွေးတိုင်းသို့ (၁၁၂၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၁၆၃၇)အိတ်၊ ကချင်ပြည်နယ်သို့ (၃၅၄၈)အိတ်၊ မွန်ပြည်နယ်သို့ (၅၅၈၅)အိတ်၊ ကရင်ပြည်နယ်သို့ (၂၆၆၀)အိတ် ၊မူဆယ်သို့ (၃၆၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၃၀၄၇၂ တန်အားဖြင့် ၆၅၂၄တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၃၂၃၀၈၊ တန်အားဖြင့် ၁၆၁၅တန် ပို၍ စီးထွက် ခဲ့ပါသည်။

   ရွှေဘိုမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၇5၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၅00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1၃00000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 6၀000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)