
ရွှေဘိုခရိုင်အတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ နိုဝင်ဘာလ ဒုတိယပတ် အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၃၇၄၄၆)အိတ်၊ မန္တလေးသို့ (၁၀၂၄၅) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၃၆၀)အိတ်၊ မိတ္ထီလာမြို့သို့ (၂၃၅)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၃၆၀၀)အိတ်၊မူဆယ်သို့(၂၇၀)အိတ်၊ နေပြည်တော်သို့ (၁၃၄၅)အိတ်၊ပဲခူးသို့ (၁၈၄၅)အိတ်၊ ပြည်မြို့သို့ (၅၄၅)အိတ်၊ တောင်ငူသို့ (၉၂၀)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၂၆၆၀)အိတ်၊ ကချင် ပြည်နယ်သို့ (၃၂၉၅)အိတ်၊ မွန်ပြည်နယ်သို့ (၅၃၈၅)အိတ်၊ မကွေးတိုင်းသို့ (၅၄၀)အိတ်၊ စုစုပေါင်းအိတ်ရေ(၆၈၆၉၁)၊တန်အားဖြင့် (၃၄၃၄)တန် စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၇5၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
