ချောက်မြို့နယ်တွင် မြို့နေလူဦးရေအတွက် အဓိကလိုအပ်သော စားဖိုးဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။
ချောက်မြို့၊ မြို့မစျေး၌ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၈)ရက်မှ နိုဝင်ဘာလ (၁)ရက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ အာလူး(၁)ပိဿာ ကျပ်(၂၆၀၀)၊ ငရုတ်သီးစိမ်း(၁၀)သား ကျပ်(၁၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာကျပ်(၂၀၀၀၀)၊ ကြက်သွန် (၁)ပိဿာ ကျပ်(၅၀၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပန်းဂေါ်ဖီ(၁)ပွင့် ကျပ်(၂၀၀၀)၊ ဂေါ်ဖီ(၁)ထုပ် ကျပ် (၁၇၀၀)၊ မျှစ်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ကန်စွန်းရွက်(၁)စီး ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စီး ကျပ်(၁၀၀)၊ ပြောင်းဖူး(၁)ဖူးကျပ်(၃၀၀)၊ နဂါးမောက်သီး(၁)လုံး ကျပ်(၈၀၀)၊ ဂေါ်ရခါးသီး(၁)လုံး ကျပ်(၂၀၀)၊ ကန်စွန်းဥ (၁)ပိဿာလျှင်(ရွှေဝါ၊ ငချိတ်) ကျပ်(၂၀၀၀)၊ အာတာလွတ်ဥ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပန်းဆီငန်းသီး (၁)လုံး ကျပ်(၇၀၀)၊ ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နို့ပန်းသီး(၁)လုံး ကျပ်(၂၅၀၀)၊ ဖရဲသီး(၁)လုံး ကျပ်(၂၀၀၀)၊ သလဲသီး(၁)လုံး ကျပ်(၁၅၀၀)၊ ထောပတ်သီး(၁)လုံး ကျပ်(၃၀၀-၄၀၀-၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(မကွေး)