
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦး စီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၂၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)၊ အခြေခံပညာမူလတန်းကျောင်း၌ Consumer Call Center (1535) နှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ခေါ်ဆိုမေးမြန်း နိုင်ကြောင်း အသိပညာပေးလျက်ရှိသည့်အပေါ် စာသင်ကျောင်းရှိ Grade-5 ကျောင်းသူ မနန်းအိလင်း မှ Consumer Call Center (1535) လိုင်းခွဲ(၁)သို့ ဖုန်းခေါ်ဆို၍ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့် အချက်အလက်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
