
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၉၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိုင်များတွင် လက်ကျန်အိတ်ရေ (၅၀၀၀)ကျော် ရှိပြီး နေ့စဉ် လုံလောက်စွာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုအပတ်တွင် အသုံးများသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၄၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ တောင်သူများ လုံလောက်စွာ ဝယ်ယူရရှိကြောင်း သိရှိရပါသည်။
ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို မက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၃၀၀၀)၊ အာမိုမက်နီဖော့(၁)လီတာတစ်ဘူးလျှင် ကျပ် (၁၁၄၀၀၀)၊ မိုစတား(၁)လီတာတစ်ဘူးလျှင်ကျပ်(၆၅၀၀၀)၊အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၅၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၈၀၀၀)၊ ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၅၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၀၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၄၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၅၉၅၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၄၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၄၀၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၀၀၀)၊(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၀၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု အချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက် ဓာတ်မြေဩဇာများမှာ ပို၍ အရောင်းအဝယ်ဖြစ်နေပြီး လုံလောက်စွာဝင်ရောက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
