
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ယာကွန်ဥများကို ရှမ်းပြည်နယ်မှ တင်သွင်းကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ယာကွန်ဥ ဈေးနှုန်းများမှာ ဥ၏အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀၀)၊ အလတ်ဈေး ကျပ်(၈၀၀၀)နှင့် အနိမ့်ဈေး ကျပ်(၆၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ (၁) ရက်ပျှမ်းမျှ (၁၀) ပိဿာခန့် ရောင်းရကြောင်း ယာကွန်ဥ ရောင်းချသူထံမှ သိရှိရပါသည်။
ယာကွန်ဥမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊ အမျှင်ဓါတ်နဲ့ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင်စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင် ကြောင်း၊ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်လည်း စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုး ဖြစ်သောကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
