Main menu

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကင်းပုံသီး၊ ခဆော့သီးနှင့် ရွှေဖရုံသီးဈေးနှုန်းများ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်၊ခဆော့ပင်၊ရွှေဖရုံသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီး၊ ခဆော့သီးနှင့် ရွှေဖရုံသီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင်(၇၀၀)ကျပ်၊ ()ပြည်လျှင် (၅၅၀၀) ကျပ်၊ ခဆော့သီးများကို နို့ဆီဘူး()ဘူးလျှင် (၆၀၀)ကျပ်၊ ()ပြည်လျှင်(၄၇၀၀)ကျပ်နှင့် ရွှေဖရုံသီး ဈေးနှုန်းများမှာ ရွှေဖရုံသီး()ပိဿာလျှင် (၂၈၀၀)ကျပ်၊ ()စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)