
မန္တလေးစျေးကွက်သို့ တန်ဆောင်မုန်းလရာသီချိန်ဖြစ်၍ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မှ ဂေါ်ရခါးညွှန့် ဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်း သိရှိ ရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဂေါ်ရခါးညွှန့်ဟင်းရွက်စျေးအနေဖြင့် လက္ကား စျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၅၀၀ကျပ် နှင့် ၇၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
