
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုး ပြီး ရေစကြိုမြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့် အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ ကျပ်(၅၅၀၀၀ မှ ၇၅၀၀၀)ဈေးရှိပြီး (ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲ တစ်တင်းလျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ်မူတည်၍ ဈေးနှုန်းအနိမ့် အမြင့်ရှိကြောင်း ပဲဈေး ကွက်မှ သိရှိရသည်။
DOCA(မကွေး)
