
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ပြည်တွင်း ဆီစက်/မြေပဲဆုံဆီ လုပ် ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိရာ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် “တောင်သူကြီး ” မြေပဲ ပွဲရုံ/မြေပဲဆုံဆီ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြေပဲဆံ နှင့် မြေပဲဆုံဆီ ဈေးနှုန်း/ ဈေးကွက်များ၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ရောင်းချမှုအခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရသည်။
“တောင်သူကြီး” ဆုံဆီလုပ်ငန်းရှင် ဦးညီညီနိုင်က မြေပဲဆုံဆီလုပ်ငန်းကို တည်ထောင် ခဲ့သည် မှာ (၂/၃)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခင်ကထက် တိုးချဲ့၍ ဆုံ(၄)လုံး တွဲဖြင့် ကြိတ်ခွဲကြောင်း၊ မီးလာ သည့်အချိန်ပေါ်တွင် မူတည်၍ တစ်နေ့လျှင်(၂၅)ပိဿာဝင် မြေပဲအိတ် (၅/၆)အိတ်ခန့် ကြိတ်ခွဲ ရကြောင်း၊ အိမ်တွင် ပဲပွဲရုံနှင့် တွဲဘက်၍ လုပ်ကိုင်နေကြောင်း၊ လုပ်သားများ ခေါ်ပြီး ပဲရွေး သန့်စင်ကြောင်း၊ လုပ်သားဦးရေ(၅)ဦး ရှိပြီး လုပ်သားခမှာ ကျားတစ်ဦး ကျပ်(၁၀၀၀၀)၊ မတစ်ဦး ကျပ်(၈၀၀၀)ပေးကြောင်း၊ ဆုံဆီ၏ အရည်အသွေးကိုလည်း အာမခံကြောင်း၊ မြေပဲဆံကို နဝလီ အငှားမကြိတ်ဘဲ “တောင်သူကြီး” အမှတ် တံဆပ်ဖြင့်သာ (၁/၃/၅/၁၀)ပိဿာဝင် ဘူးဖြင့် ရောင်းချ ကြောင်း၊ ကုန်ကြမ်း မြေပဲဆံကို ပခုက္ကူမြို့နယ်ရှိ ကျေးရွာများနှင့် ညောင်ဦးနယ်ရှိ ကျေးရွာမှ တောင် သူများက အိမ်သို့ လာရောက်ရောင်းချကြောင်း၊ မြေပဲလုံးဆန်ကို တစ်ပိဿာ ကျပ်(၇၉၀၀- ၈၃၀၀) ဖြင့်ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချ၍ ပဲဖတ် တစ်ပိဿာကို ကျပ်(၆၂၀၀-၆၄၀၀)ဖြင့် ပွဲစားများက အိမ်သို့ လာရောက် ဝယ်ယူကြောင်း၊ (၁)ဆုံကို (၁)နာရီ မှ (၁:၃၀)နာရီ ခန့်ကြာပြီး တစ်နေ့လျှင် ဆုံ(၄)လုံးဖြင့် ကြိတ်ခွဲရာ အရေအတွက်မှာ (၂၀-၂၅)ဆုံခန့် ပြီးကြောင်း၊ မြေပဲဆုံဆီလုပ်ငန်းအနေဖြင့် ယခုနှစ်သည် ပိုမိုတွင်ကျယ်စွာ ကြိတ်ခွဲ လုပ်ကိုင်ရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်နှင့် မြေပဲလာရောက်ရောင်းချသူ တောင်းသူ များမှ အဝယ်များပြီး၊ ကျောက်ဆည်နှင့်် ရန်ကုန်မြို့မှ အမှာရှိလျှင်လည်း တင်ပို့ရောင်းချကြောင်း ဆုံဆီလုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)
