Main menu

ရုရှားထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူမှုကြောင့် ဟန်ဂေရီအပေါ် ပိတ်ဆို့မှုများကို အမေရိကန်က ကင်းလွတ်ခွင့်ပေး

Powered by Drupal

     ဟန်ဂေရီနိုင်ငံဟာ ရုရှားမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူနေတာကို တားဆီးတဲ့ အမေရိ ကန်ရဲ့ ပိတ်ဆို့မှုတွေကနေ လုံးဝကင်းလွတ်ခွင့်ရရှိခဲ့တယ်လို့ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ ဆွေးနွေးပြီးနောက် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က နိုဝင်ဘာလ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

     “ဟန်ဂေရီနိုင်ငံကို ရုရှားကနေ တူရကီကိုသွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း TurkStream မှတစ်ဆင့် ဓာတ်ငွေ့ရယူမှုနဲ့ ရုရှားကနေ ဥရောပကို သွယ်တန်းတဲ့ Druzhba ရေနံပိုက်လိုင်းမှ တစ်ဆင့် ရေနံရယူမှုတို့အပေါ် ပိတ်ဆို့မှုတွေကနေ လုံးဝကင်းလွတ်သွားမှာပါ” လို့ ဟန်ဂေရီဝန်ကြီးချုပ်က M1 ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ ဟန်ဂေရီသတင်းစာဆရာတွေနဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

     ဒါကြောင့်လည်း ဟန်ဂေရီဟာ ဥရောပမှာ စွမ်းအင်ထုတ်ကုန်တွေအတွက် အနိမ့်ဆုံးဈေးနှုန်း တွေကို ထိန်းသိမ်းထားမယ်လို့ ဗစ်တာအော်ဘန်က မှတ်ချက်ပြုခဲ့ပါတယ်။

     ဒီကိစ္စအတွက်ဆွေးနွေးဖို့ ဝါရှင်တန်ကို ဦးတည်သွားနေစဥ်ကတည်းက အော်ဘန်က ဟန် ဂေရီအနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ပြောကြား ခဲ့တာပါ။

     Reuters သတင်းဌာနကတော့ အမေရိကန်ပြည်ထောင်စုဟာ ရုရှားရေနံနဲ့ သဘာဝဓာတ် ငွေ့ကို အသုံးပြုမှုအတွက် ဟန်ဂေရီနိုင်ငံကို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကနေ တစ်နှစ်ကင်း လွတ်ခွင့်ပေးခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါ တယ်။

    သတင်းဌာနရဲ့ အဆိုအရ ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်က ဝါရှင်တန်မှာ သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ တွေ့ဆုံခိုက်မှာ အမေရိကန်က ဟန်ဂေရီကို ရုရှားရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အသုံးပြုမှုအတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကနေ တစ်နှစ်ကင်းလွတ်ခွင့်ပေးခဲ့တယ်လို့ အိမ်ဖြူ တော်အရာရှိတစ်ဦးက နိုဝင်ဘာလ ၇ ရက်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။ အိမ်ဖြူတော်နဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့က ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ TASS သတင်းဌာနရဲ့ တောင်းဆို ချက်ကို မတုံ့ပြန်ခဲ့ပါဘူး။

     ဟန်ဂေရီနိုင်ငံအနေနဲ့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့နဲ့ ရေနံကို တခြားဘယ် ဥရောပသမဂ နိုင်ငံထက်မဆို ပိုမိုဝယ်ယူအသုံးပြုနေပြီး ဥရောပသမဂ္ဂနိုင်ငံတွေအနက် ရုရှားရေနံအဝယ်ယူဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါ့ပြင် ဟန်ဂေရီနိုင်ငံအနေနဲ့ ဆိပ်ကမ်းမြို့မရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်လို့ ရုရှားရေနံက နိုင်ငံအတွက် အဓိကကျတယ်လို့ ဝန်ကြီးချုပ် အော်ဘန်က ပြောခဲ့ပါတယ်။ 

Source: ဆင်ဟွာ                                                              

DOCA(ပြည်ထောင်စုနယ်မြေ)